Skip to main content

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်း (ပန်းဘဲတန်း မဲဆန္ဒနယ်) ကွယ်လွန်သည့်အတွက် ဝမ်းနည်းကြောင်း အရေးကြီးအဆို တင်သွင်း

နေပြည်တော် နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းသည် ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက် ကြာသပတေးနေ့ နေ့လည် ၁၄း၂၀ အချိန်၊ လွှတ်တော်အစည်းအဝေးတက်ရောက်နေချိန်တွင် ရုတ်တရက် ကွယ်လွန်အနိစ္စရောက်သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သူမှ ပြည်သူ့လွှတ်တော်သို့ ဝမ်းနည်းကြောင်းအဆိုတင်သွင်းရာ အဆိုကို တနိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေမှ ထောက်ခံသဖြင့် ကွယ်လွန် အနိစ္စရောက်သွားသော ဦးအောင်ဆန်းအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အနေဖြင့် လွှတ်တော်အတွင်း ရှိကြသော ပုဂ္ဂိုလ်အားလုံး ၂ မိနစ် မတ်တတ်ရပ် ဆုမွန်ကောင်းတောင်းပေးကြကြောင်း သတင်းရရှိသည်။

ဦးအောင်ဆန်း (ပန်းဘဲတန်း မဲဆန္ဒနယ်)