Skip to main content

နိုင်ငံပိုင်သိမ်းဆည်းထားသောပစ္စည်းများစီမံခန့်ခွဲမှုကော်မတီကရောင်းချခဲ့သည့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများနှင့်စပ်လျဉ်း၍တံဆိပ်ခေါင်းခွန်တိမ်းရှောင်မှုများအတွက် တံဆိပ်ခေါင်းခွန်နှင့်ဒဏ်ငွေများပြန်လည်ကောက်ခံစေပါရန်နိုင်ငံတော်သမ္မတအား တိုက်တွန်းကြောင်းအဆ

ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက “ပြည်ထောင်စုအစိုးရ၏ နိုင်ငံပိုင်သိမ်းဆည်း ထားသောပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီကရောင်းချခဲ့သည့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ နှင့်စပ်လျဉ်း၍ တံဆိပ်ခေါင်းခွန် တိမ်းရှောင်မှုများအတွက် တံဆိပ်ခေါင်းခွန်နှင့်ဒဏ်ငွေများ ပြန်လည်ကောက်ခံစေ ပါရန် နိုင်ငံတော်သမ္မတအား တိုက်တွန်းကြောင်း အဆို” ကိုတင်သွင်းရာ အဆိုအား ပုဇွန်တောင် မဲဆန္ဒနယ်မှ ဦးအောင်ဇင် က ထောက်ခံဆွေးနွေးခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန၊   ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင် မှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှလည်း ဤအဆိုမှာ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွား တိုးတက်ရေးကို ရည်ရွယ်သည့် အဆိုဖြစ်ပြီး၊ တင်ပြချက်များတွင် ဥပဒေရေးရာကိစ္စရပ်များလည်း ပါဝင်နေသည့်အတွက် အဆိုအား အရေးတကြီး ဆုံးဖြတ်ရန် မသင့်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ယခုကဲ့သို့ ကိစ္စရပ်များကို လတ်တလောအချိန်အတွင်း ဂဃနဏ မသိဘဲ ဆုံးဖြတ်မိပါက မိမိတို့က စေတနာ ရည်ရွယ်ချက် ကောင်းဖြင့် တင်ပြသော်လည်း နိုင်ငံတော်အတွက်သာမက နိုင်ငံသားများအတွက်လည်း အကျိုးမဖြစ်ထွန်းဘဲ နစ်နာဆုံးရှုံးမှု ဖြစ်စေနိုင်ပါကြောင်၊ သို့ဖြစ်ပါ၍ မိမိလွှတ်တော်ဥက္ကဋ္ဌ အနေဖြင့် ဒေါ်တင်နွယ်ဦး တင်ပြလာသွင်းသည့် အဆိုကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိပြီး သီးခြားဆွေးနွေးမှုများ ပြုပြီးနောက်မှ ရရှိလာသည့် အဖြေပေါ်မူတည်ပြီး  ဆက်လက်ဆောင်ရွက်သင့်ကြောင်း တင်ပြပါသည်။

အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၌ အဆုံးအဖြတ်ရယူရာ လွှတ်တော်မှ မှတ်တမ်းတင်ထားရှိရန် ကန့်ကွက်သူမရှိ သဘောတူသဖြင့် ဒေါ်တင်နွယ်ဦး တင်သွင်းသော အဆိုကို မှတ်တမ်းတင်ထားရှိပြီး ယင်းအဆိုနှင့်စပ်လျဉ်း၍ သီးခြားဆွေးနွေးမှုများ ပြုလုပ်ပြီး လွှတ်တော်သို့ ပြန်လည်တင်ပြရန် အတည်ဖြစ်ကြောင်း ဆုံးဖြတ်ပါသည်။

အဆိုဆွေးနွေးချက်အပြည့်အစုံ