Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီးခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီး ဒေါ်ခင်လေး သက် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံလွှတ်တော် House of Representative ဥက္ကဋ္ဌ Hon. Mr. Bunmei IBUKI ၏ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် ယမန်နေ့ ည ၁၀ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

<--break->ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့အား ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နှင့် လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံရုံးယာယီတာဝန်ခံတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။ ပြည်ထောင်စု လွှတ်တော်နာယကနှင့် ဇနီးတို့နှင့်အတူ ပြည်သူ့ လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊ ဦးမောင်မောင်သိမ်း၊ သူရဦးအောင်ကို၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်၊ အမျိုးသားလွှတ်တော်ကော်မတီဥက္ကဋ္ဌ ဦးအောင်ထွန်း၊ ဒေါက်တာ ခင်ရွှေ၊ ပြည်သူ့လွှတ်တော်ကော်မတီအတွင်းရေးမှူး၊ ဦးစောလှထွန်း၊ ဦးကြည်သာ၊ ကော်မတီ အဖွဲ့ဝင် ဒေါက်တာဝင်းမြင့်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။ (သတင်းစဉ်)