Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့များအား ဂုဏ်ပြုအမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာလ ၂၃

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် သူရဦးအေးမြင့်၊ ဦးမောင်မောင်သိမ်းနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ နိုဝင်ဘာလ ၂၃ မွန်းလွဲ (၁)နာရီတွင်

<--break->

ဝဏ္ဏသိဒ္ဓိရေကူး အားကစားရုံ၌ ပြိုင်ပွဲအတွက်ကြိုတင်ပြင် ဆင်ဆောင်ရွက် ထားရှိမှု၊ ရေကူး ဒိုင်ဗင် အားကစားသမားများလေ့ကျင့်နေမှု၊ အားကစားရုံအမှတ် (၁)၊ (၂)၊ (၃) တို့၌ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ခြင်းလုံးနှင့်ပိုက်ကျော်ခြင်း အားကစားသမားများ လေ့ကျင့်နေမှုတို့ကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဘိလိယက်နှင့် စနူကာ အားကစားခန်းမ၌ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် အားကစားသမားများလေ့ကျင့်နေမှုများ၊ အားကစားပြတိုက် (စိတ်ဓာတ်မြှင့် တင် ရေးခန်းမ)၌ ဆုတံဆိပ်များ ခင်းကျင်းပြသထားမှုနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများကျင်းပရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစား အဖွဲ့များအား တွေ့ဆုံခဲ့ပြီး တွေ့ဆုံပွဲတွင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ဂုဏ်ပြု အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက် လာကြသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာ့ အားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစား သမားများနှင့်အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

မှတ်တမ်းဓါတ်ပုံများ