Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း KEIDANREN (Japan Business Federation) ဒုတိယဥက္ကဋ္ဌ Mr.KATSUMATA Nobuo ဦးဆောင်သည့် ဂျပန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၂၀

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်တွင် KEIDANREN (Japan Business Federation) ဒုတိယဥက္ကဋ္ဌ Mr.KATSUMATA Nobuo ဦးဆောင်သည့် ဂျပန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။

<--break->ထိုသို့တွေ့ဆုံရာတွင် ဂျပန်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သတ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဌေးဦး၊ ဦးသိန်းဇော်၊ သူရဦးအောင်ကို၊ ဦးလှမြင့်ဦး၊ ဦးသူရိန်ဇော်၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)