Skip to main content

ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား မွန်ဂိုလီးယားနိုင်ငံ သမ္မတနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၁၉

ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အား မွန်ဂိုလီးယားနိုင်ငံ သမ္မတ H.E Mr. Tsakhiagiin Elbegdorj ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ နံနက် ၁၀ နာရီ ၄၀ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော် ကော်မတီဆောင် အမှတ် ၁၂ ၌ လာရောက် တွေ့ဆုံသည်။

<--break->ထိုသို့ တွေ့ဆုံရာတွင် ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အပါ အဝင် (၁၅) ဦး တက်ရောက်သည်။ (သတင်းစဉ်)