Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မွန်ဂိုလီးယားနိုင်ငံ သမ္မတ H.E Mr. Tsakhiagiin Elbegdorj တို့ တွေ့ဆုံဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၁၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်   မွန်ဂိုလီးယားနိုင်ငံ သမ္မတ H.E Mr. Tsakhiagiin Elbegdorj တို့သည်   ယနေ့ နံနက် ၁၁ နာရီ   မိနစ် ၅၀ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ   ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံကြသည်။

<--break->

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေမှုများ၊ မွန်ဂိုလီးယားနိုင်ငံ ၏ နိုင်ငံရေး၊  စီးပွားရေး၊  အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခဲ့သည့် အတွေ့ အကြုံများ၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ရေး၊ နှစ်နိုင်ငံ လွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူး ပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်    ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။ (သတင်းစဉ်)

မှတ်တမ်းဓါတ်ပုံများ