Skip to main content

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ရန်

နေပြည်တော် ဒီဇင်ဘာ ၂၃

ပထမအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန်   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသို့ ပေးပို့ထားပါသည်။

<--break->

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းဝေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်လွှတ်တော်ရုံသို့ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် (စနေနေ့)ထက်မစော ၁၂ရက်(တနင်္ဂနွေနေ့)ထက် နောက်မကျစေဘဲ သတင်းပို့ကြရန်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)