Skip to main content

ဂုဏ်ပြုမှတ်တမ်းတင်လွှာ

၁။       ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်တွင် နိုင်ငံတော်ကိုယ်စားပြု မြန်မာ့လက်ရွေးစင် အားကစား မောင်မယ်များအနေဖြင့် အားကစားပြိုင်ပွဲ အသီးသီးတွင်     ရွှေတံဆိပ် ၈၆ခု၊ ငွေတံဆိပ် ၆၂ခု၊ ကြေးတံဆိပ် ၈၅ခုဖြင့် ဆုတံဆိပ် စုစုပေါင်း ၂၃၃ခု ရရှိပြီး နိုင်ငံအလိုက် ဒုတိယအဆင့်ကို ထိုက်ထိုက်တန်တန်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြပါသည်။

<--break->

မြန်မာ့လက်ရွေးစင်အားကစား မောင်မယ်များသည် နိုင်ငံတော်ကို ချစ်မြတ်နိုးမှု၊ သန့်ရှင်းမျှတသည့် အားကစားစိတ်ဓာတ်နှင့် ဇွဲသတ္တိပြည့်ဝမှု၊ စည်းလုံးညီညွတ်စွာ ကြိုစား အားထုတ်မှုတို့ဖြင့် ပြည်သူတို့၏ မျှော်လင့်ချက်များကို စွမ်းစွမ်းတမံ ဖြည့်ဆည်း၍ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဖော်ဆောင်ပေးနိုင်သည်ကို တွေ့ရှိရပါသည်။

၂။       တစ်နိုင်ငံလုံးရှိ ပြည်သူတို့၏ မျှော်လင့်ချက်များအပေါ် ဇွဲ၊ စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် တာဝန် ကျေပွန်စွာ စွမ်းဆောင်ဖြည့်ဆည်းပေးခဲ့ကြသည့် နိုင်ငံတော်ကိုယ်စားပြု မြန်မာ့လက်ရွေးစင် အားကစား မောင်မယ်များ၊ အားကစားအဖွဲ့ချုပ်များနှင့် SEA Game ပြိုင်ပွဲကြီးကို အဆင့်မီခမ်းနားစွာဖြင့် အောင်မြင် အောင် ကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသည့် အားကစား ဝန်ကြီးဌာန အပါအဝင်သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များတက်တက်ကြွကြွ အားပေး ခဲ့ကြသော ပြည်သူများအားလုံးကို ပြည်သူများနှင့်အတူ ဝမ်းမြောက်လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြု အပ်ပါသည်။

 

                                                ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ