Skip to main content

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် Landesa (Rural Development Institute) ၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Prof: Roy Prosterman နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် Landesa (Rural Development Institute) မှ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Prof: Roy Prosterman နှင့်အဖွဲ့အား ၂၀၁၅ ခုနှစ် မတ်လ ၂၆ ရက် ညနေ (၁၆း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင်  ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်ညိုနှင့် ဒေါက်တာ စိုးမိုးအောင်တို့ တက်ရောက်ခဲ့ကြပြီး မြေအသုံးပြုရေးမူဝါဒများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာ စီမံကိန်းများနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် မတ်လ ၂၆ ရက်