Skip to main content

ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ Ms. Bui Thi Lan အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်သည် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ Ms. Bui Thi Lanအား ၂၀၁၅ ခုနှစ် မတ်လ ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ်(၁) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့  ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အတူ ကော်မတီအတွင်းရေးမှူး ဦးအောင်သန့်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးညွန့်လှိုင်၊ ဦးတင်ဌေးအောင်၊ ဦးသောင်းဟန်၊ ဦးမောင်မောင်စိုး(၂)၊ ဦးဉာဏ်ဆွေဝင်း၊ ဦးကင်းစိန်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးမြင့်ဆွေ(၂)၊ ဦးစန်းလွင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အာဆီယံပါလီမန်များအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာပြည့်ဝဖူလုံရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အာဆီယံဒေသတွင်း နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် FAO အနေဖြင့်လည်း အပြည့်အဝအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် မတ်လ ၂၄ ရက်