Skip to main content

ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ IDEA မှ Honorable Bryon Wilfert ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာသည် IDEA မှ Honorable Bryon Wilfert ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် မတ်လ ၁၈ ရက် ညနေ(၄)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ်(၁)ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ် ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးအေးမောက်၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးကြည်ပြုံး၊ ဦးအေးမောင်၊ ဦးကျန်ထွန်း၊ ဦးခွန်သိန်းဖေ၊ ဒေါ်ဖြူဖြူသင်းတို့ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ အရည်အသွေး မြှင့်တင်ရေးအတွက် အပြည့်အ၀ ကူညီပေးရေး  ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် မတ်လ ၁၉ ရက်