Skip to main content

ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ ကမ္ဘာ့ဘဏ်အဖွဲ့မှ Mr. Dejan Ostojic ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာသည် ကမ္ဘာ့ဘဏ်အဖွဲ့မှ Mr. Dejan Ostojic ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် မတ်လ ၁၇ ရက် ညနေ (၄) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံရေးရာဆောင် အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးအေးမောက်၊ ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးကြည်သာ၊ အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင် ဦးကြည်ပြုံး၊ ဦးအေးမောင်၊ ဒေါ်ခင်မွှေးလွင်၊ ဒေါ်ဖြူဖြူသင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆံုံရာတွင်ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံလျှပ်စစ်ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်ပေးခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ကျေးလက်ဒေသ အတွင်း လျှပ်စစ်ဓာတ်အားရရှိရေးတို့အတွက် သက်သာသောအတိုးနှုန်းထားနှင့် ချေးငွေချေးပေးနိုင်ရေး၊ လွှတ်တော်အပိုင်းမှလည်း အတည်ပြုချက်ရရှိရေးအတွက် အဆင့်ဆင့်ဆောင်ရွက်ပုံတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် မတ်လ ၁၈ ရက်