Skip to main content

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် USAID ၏ တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးစီမံကိန်း (USAID’s Promoting the Rules of Law Project) မှ အဖွဲ့ခေါင်းဆောင် Mitch Gruner အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်  USAID ၏ တရားဥပဒေ စိုးမိုးမှုမြှင့်တင်ရေးစီမံကိန်း (USAID’s Promoting the Rules of  Law Project) မှ အဖွဲ့ခေါင်းဆောင် Mitch Gruner အား ၂၀၁၅ ခုနှစ် မတ်လ ၁၂ ရက် ညနေ (၄) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံရေးရာဆောင်အမှတ် (I-2) ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးသောင်း၊ ဦးစတီဖန်၊ ဦးစိုးရယ်၊ ဦးစိုးစိုးနှင့် ဒေါက်တာစိုးမိုးအောင်တို့ တက်ရောက်ခဲ့ကြပြီး လွှတ်တော်၏ လုပ်ငန်းဖြစ်သော ဥပဒေပြုရေးလုပ်ငန်းများကိုလည်းကောင်း၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို မည်သို့ကူညီပံ့ပိုးနိုင်မည် တို့ကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် မတ်လ ၁၂ ရက်