Skip to main content

ကလေးသူငယ်များအရေး ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေသည် ၂၀၁၅ ခုနှစ် မတ်လ ၁၁ ရက်နေ့နံနက် (၉)နာရီတွင် နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်းအတွင်း ရှိရေး ရာဆောင် အမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကလေးသူငယ်များအရေးတွင်ပိုမို ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် NCRWG အဖွဲ့နှင့် အခြား လူမှုရေးအဖွဲ့အစည်းများမှ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်အသီးသီးမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကလေးသူငယ်အခွင့်အရေးများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားရာတွင် NGO Child Rights Working Group အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ အကျိုးစီးပွားအတွက် ရှေ့ရှု၍ လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် ကလေး သူငယ်များအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကိစ္စများတွင် နိုင်ငံတော်မှ လိုအပ်ချက်များအား ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ဘတ်ဂျက် တိုးမြှင့်သုံးစွဲရေး နှင့် အခြား ကြုံတွေ့ နေရသည့် အခက်အခဲများကို  လွှတ်တော်မှ ကူညီဆောင်ရွက် ပေးနိုင် ရန်အတွက် တက်ရောက်လာကြသော လူမှုရေးအဖွဲ့အစည်း များ၏ တင်ပြဆွေးနွေးချက်များအပေါ်  လွှတ်တော် ကိုယ်စားလှယ်အသီးသီးမှ ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်း ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ဲကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုလို လွှတ်တော်သို့ ကလေးသူငယ်များ အခွင့်အရေးအတွက် လာရောက်ဆွေးနွေးတင်ပြကြသည့် အဖွဲ့အစည်းများ ကို ကျေးဇူး တင်ရှိပါကြောင်း မိမိတို့ကော်မတီ အနေဖြင့်လည်း လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းကူး ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်နေသည်များလည်း ရှိပါကြောင်း၊ ကလေးသူငယ်များသည် နောင်အနာဂတ်နိုင်ငံအတွက် ခေါင်းဆောင်များ ဖြစ်လာကြမည့် မျိုးဆက်သစ်များ ဖြစ်သည့်အတွက် အထူးအလေးထား ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်နှင့်  အညီလွှတ်တော်အနေဖြင့်လည်း ကလေးသူငယ်အခွင့်အရေးအတွက် ပညာရေး၊ ကျန်းမာရေး နှင့် အခြားလူမှုရေး ကိစ္စများတွင် ဦးစားပေးဆောင်ရွက်နေသည်များရှိပါကြောင်း လွှတ်တော်မှလည်း ခေတ်ကာလနှင့် လိုက်လျောညီထွေရှိမည့် ဥပဒေပြုရေးဆောင်ရွက်နေမှု ၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံ၏ ပကတိအခြေအနေများ နှင့် ဘတ်ဂျက်ခွဲေ၀ သုံးစွဲ ဆောင်ရွက်နေမှု အခြေအနေများကို အရပ်ဖက် လူမှုရေး အဖွဲ့အစည်းများအား  ကဏ္ဍအလိုက် အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး မိမိတို့ကော်မတီဖြစ်သော  လူမှုဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နိုင်ငံအတွင်းရှိ ဒေသမျိုးစုံမှ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှာသာ ကလေးသူငယ်များ၏ အခွင့်အရေးများကို လိုအပ်ချက်မရှိဘဲ ပြည့်ဝစွာ ရရှိစေမည ဖြစ်ပါကြောင်း ပြောကြားပြီး ဆွေးနွေးပွဲကို  ရုပ်သိမ်းလိုက်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေနှင့် အတူ အတွင်းရေးမှူး ဦးမြင့်သူ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦး၊ ကျန်းမာရေး မြှင့်တင်မှုကော်မတီ အတွင်းရေးမှူး ဒေါက် တာနေလင်း နှင့် ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ တင်မောင်ကြိုင်၊ ဦးကျော်မြင့်၊ ဒေါ်နန်းစေအွာ၊ ဦးအောင်ဇင်၊ ဒေါ်ခင်သန်းမြင့် ၊ ဒေါက်တာအောင်မိုးညို၊ ဦးခင်မောင်ညို၊ ဦးပုမ်ခန့်အင်၊ ဦးအောင်ထွန်းသာ၊ ဦးစောဂျိန်း၊ ဦးမြင့်ရွှေ၊ ၊ ဦးကျော်ညွန့်၊ ဦး ခင်မောင်မြင့်၊ ဒေါက်တာစိုးသူရ၊ ဒေါက်တာဒေါ်သန်းငွေ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်မှူးကြီး စန်းသီတာခင်၊ ဒုတိယဗိုလ်မှူးကြီး စိုးစိုးမြင့် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် မတ်လ ၁၂ ရက်