Skip to main content

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော် ပါကစ္စတန်နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ လေ့လာရေးအဖွဲ့များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော် သည် ပါကစ္စတန်နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ National Security & War Course 2014/2015 (NSWC) သင်တန်း တက်ရောက်လျက် ရှိသည့် လေ့လာရေးကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော် နှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးမောင်တိုး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဗိုလ်မှူးချုပ် ဌေးနိုင်၊ ဗိုလ်မှူးချုပ် မြင့်ကိုကို၊ ဗိုလ်မှူးချုပ် မောင်မောင် တို့ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့ နှင့်အတူ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Ehsan Ullah Batth လည်း တက်ရောက်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်မှ လေ့လာရေးအဖွဲ့ သိရှိလိုသည့် လွှတ်တော်များပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းထားရှိမှု၊ လွှတ်တော်လုပ်ငန်းတာဝန်များ၊ ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ လွှတ်တော်အနေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းအခြေအနေများအား အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ဧပြီလ ၂၉ ရက်