Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဝမ်းကျားရွေ့ နှင့် တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် တရုတ်ကွန်မြူနစ် ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဝမ်းကျားရွေ့ နှင့် ဧပြီလ ၂၆ ရက်နေ့ ညနေ ၆ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ (Diaoyutai State Guesthouse) ၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် နာယက နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဦးစိုးသာ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော် နှင့် ဦးတီခွန်မြတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက နှင့် အဖွဲ့ဝင်များအား ဝန်ကြီး မစ္စတာ ဝမ်းကျားရွေ့ က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၂၈ ရက်