Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့သို့ ရောက်ရှိ

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသောဦးစိုးသာ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်နှင့် ဦးတီခွန်မြတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများနှင့်အတူ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြသည်။

ပြည်ထောင်စုလွှတ်တော် နာယက ဦးဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာဌာန၊ ဒုတိယဝန်ကြီး မစ္စတာ ချန်းရှန်ရှန်း နှင့်တာဝန်ရှိသူများ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး(နန်နင်း)မှ ကောင်စစ်ဝန်ချုပ် ဦးမြင့်ထွန်းနှင့်ဝန်ထမ်းများက ကွမ်ကျိုး အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ကွမ်ကျိုးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆက်လက် ထွက်ခွာလာရာ ကွမ်ကျိုးမြို့ရှိ ခေတ္တ တည်းခိုမည့် Ritz- Carlton Hotel သို့ ရောက်ရှိကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၂၇ ရက်