Skip to main content

ပြည်သူ့လွှတ်တော် စာကြည့်တိုက်သို့ စာအုပ်လှူဒါန်း

ပြည်သူ့လွှတ်တော် စာကြည့်တိုက်သို့ စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် စာကြည့်တိုက်၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အလှူရှင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ စာကြည့်တိုက်တည်ထောင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိုးရင်က အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင် ဗိုလ်မှူးကြီး ခင်မောင်ထွန်း (အငြိမ်းစား) က စာအုပ်လှူဒါန်းရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အလှူရှင် ဗိုလ်မှူးကြီးခင်မောင်ထွန်း (အငြိမ်းစား) က ခင်မောင်နှင်း (ကျောက်ပန်းတောင်း) ကလောင်အမည်ဖြင့် ၎င်းကိုယ်တိုင်ရေး သားခဲ့သော ယနေ့ဗုဒ္ဓဘာသာ ထွန်းတောက်ရေး အတွေးစာအုပ် (၆၀၀) နှင့် ဘာသာကိုလင်းစေကွယ်စေသူစာအုပ် (၁၀၀) စုစုပေါင်း ဘာသာရေးစာအုပ် (၇၀၀)ကို ပေးအပ်လှူဒါန်းရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

၂၀၁၅ ခုနှစ် ဧပြီလ ၈ ရက်