Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဧပြီလ ၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသိရီဆောင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က နိုင်ငံတော်နှင့်နိုင်ငံသား အကျိုးစီးပွားအတွက် ပါတီစွဲ၊ ဝါဒစွဲမထားရှိဘဲ ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ ကျန်ရှိသော လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်လုပ်ငန်းရပ်များတွင် တက်ကြွစွာပါဝင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက အထွေထွေ တင်ပြ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲကို ရုတ်သိမ်းလိုက်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ (၁၈)ပါတီမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၇ ရက်