Skip to main content

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်း သြစတြေးလျ တက္ကသိုလ်နှင့် အင်္ဂလန်တက္ကသိုလ်များမှ ကျောင်းသား/ကျောင်းသူများ အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းသည် သြစတြေးလျ တက္ကသိုလ်နှင့် အင်္ဂလန်တက္ကသိုလ် အသီးသီးမှ  ကျောင်းသား/ကျောင်းသူများအား ၂၀၁၅ ခုနှစ် ဧပြီလ ၃ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (၁၁) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့်အတူ အတွင်းရေးမှူး ဒေါက်တာမြဦး၊ ပြုပြင်ပြောင်း လဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုစိစစ်ရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာမောင်မောင်ဝင့်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ အဖွဲ့ဝင် ဦးသန်းနွယ်နှင့် ပညာရေးမြှင့်တင်မှုကော်မတီ အဖွဲ့ဝင် ဒေါ်စုစုလွင်တို့ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီအတွင်းရေးမှူးများမှ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လွှတ်တော်များ၏ လုပ်ငန်းတာဝန်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကျောင်းသားများသိရှိလိုသည့် အကြောင်းအရာများနှင့် တင်ပြချက်များအပေါ် အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၃ ရက်