Skip to main content

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌသည် မြန်မာနိုင်ငံ ဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး ဦးဆောင်သောအဖွဲ့နှင့် ပြင်သစ်သုတေသီ Dr.Renaud Egreteau ဦးဆောင်သော အဖွဲ့တို့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E.Mr.Joan Boer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ခုနှစ် ဧပြီလ ၂ ရက်နေ့ (၀၈း၃၀) နာရီ အချိန်တွင်လည်းကောင်း၊ ပြင်သစ်သုတေသီနှင့် အရှေ့တောင်အာရှ လေ့လာရေးဌာနတွင် ဧည့်သုတေသီအဖြစ် ဆောင်ရွက်နေသော ပြင်သစ် လူမျိုး Dr.Renaud Egreteau ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ညနေ (၁၆း၀၀) နာရီ အချိန်တွင်လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ အဆောင်အမှတ် (I-1) ၌ အသီးသီး လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လွှတ်တော်ရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၃ ရက်