ဦးကျော်သီဟ (ပြင်ဦးလွင် မဲဆန္ဒနယ်)

အမည်

ဦးကျော်သီဟ

အခြားအမည်

ကိုမင်းရာ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မမန(နိုင်) ၀၇၇၉၉၃

မွေးသက္ကရာဇ်/အသက်

၂၃-၃-၁၉၅၉/ (၅၅) နှစ်

မွေးဖွားရာဇာတိ

လွယ်လင်မြို့၊ ရှမ်းပြည်နယ်

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့(သမိုင်း)၊ ဂုဏ်ထူးတန်းဘွဲ့(သမိုင်း)

လက်ရှိအလုပ်အကိုင်

စာရေးဆရာ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကျော်မြင့်၊ ၉/မမန(နိုင်)၀၀၈၃၁၈၊ စစ်မှုထမ်း၊ ဒုတိယဗိုလ်မှူးကြီး(အငြိမ်းစား)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်မေစု၊ ၉/မမန(နိုင်)၀၀၈၃၁၉၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၄၂)၊ စန္ဒာလမ်း၊ ရပ်ကွက်ကြီး(၅)၊ ပြင်ဦးလွင်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြင်ဦးလွင် မြို့နယ်

(ပထမအကြိမ် - ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မန္တလေးမြို့၊ ပြည်ကြီး ကျက်သရေ မူလတန်းကျောင်း၊ အ.ထ.က(၂) မြစ်ကြီးနား၊ အ.ထ.က(၁) မန္တလေးနှင့် ခန္တီး အ.ထ.ကတို့တွင် သင်ယူခဲ့သည်။ မြစ်ကြီးနား ဒေသကောလိပ်၊ မန္တလေး ဒေသကောလိပ်နှင့် မန္တလေး တက္ကသိုလ်တို့ကို တက်ရောက်ခဲ့ပြီး ဝိဇ္ဇာဘွဲ့(သမိုင်း)နှင့် ဂုဏ်ထူးတန်းဘွဲ့ (သမိုင်း) ရရှိခဲ့သည်။

မန္တလေးတက္ကသိုလ်တွင် မန္တလာကျောင်းဆောင် အဆောင် နည်းပြနှင့် သမိုင်းဌာန နည်းပညာ ဆရာအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ်တွင် တက္ကသိုလ် ဆရာများ သမဂ္ဂ၊ မန္တလေး မြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစု အတွင်းရေးမှူး(၂)နှင့် စိမ်းလန်း ပြင်ဦးလွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ခံအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ၅(ည)ဖြင့် ၁၂-၇-၁၉၈၉ ရက်နေ့တွင် မန္တလေးတိုင်း စစ်ခုံရုံး အမှတ်(၁)မှ အလုပ်ကြမ်း နှင့်ထောင်ဒဏ်(၃)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။