Skip to main content

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း တို့   လွှတ်တော်အခြေပြု ပြည်သူ့အထောက်အကူပြုအဖွဲ့မှ စီမံကိန်း ဒါရိုက်တာ ဦးဖြိုးခိုင်လတ် ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း တို့သည် လွှတ်တော်အခြေပြု ပြည်သူ့အထောက်အကူပြုအဖွဲ့မှ စီမံကိန်း ဒါရိုက်တာ ဦးဖြိုးခိုင်လတ် ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အစိုးရ၏ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌများနှင့်အတူ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီအဖွဲ့ဝင် ဦးနေမျိုးထွန်း၊ ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် ဦးလင်းဇော်ထွန်း တို့ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ ၂၂ ရက်