Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

( ၂၀၂၀ ပြည့်နှစ်၊ မတ်လ  ၂၅  ရက် )

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၂၀  ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၁ )ဦး အနက် ( ၃၉၄ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    ကြယ်ပွင့်ပြမေးခွန်း (၁၀)ခု မေးမြန်းဖြေကြားခြင်း

                    ()   ဦးဇုံးတိန့်၊ ချီဖွေ မဲဆန္ဒနယ်က မေးမြန်းသော ချီဖွေမြို့နယ်၊ နယ်စပ်ကန်းဖန့် ကျေးရွာအုပ်စု၊ မှီရှီးဒီးငေါ့ချန်း ချောင်းကူးတံတား ပေ(၁၆၀)ခန့်ကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် သံပေါင်ဘေလီတံတားအဖြစ် တိုးမြှင့်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ မြို့နယ်/ခရိုင်ဖွံ့ဖြိုးမှု ကော်မတီများ၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက မြေပြင် ကွင်းဆင်းစစ်ဆေးပေးရန်လိုပါကြောင်း၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ သယ်ယူ ရွှေ့ပြောင်းနိုင်မှု ရှိ၊ မရှိ၊ လုပ်သားရရှိနိုင်မှု၊ ရာသီဥတုကန့်သတ်ချက်များအပေါ် သုံးသပ်စိစစ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်၊ သတ်မှတ်စီမံကိန်း အဆိုပြုလွှာဖြင့် တင်ပြလာမည်ဆိုပါက ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရန်ပုံငွေလျာထားချက်တွင် ထည့်သွင်းလျာထားပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    ()    ဦးအာမိုးဆီ၊ ခေါင်လန်ဖူး မဲဆန္ဒနယ်က  မေးမြန်းသော ခေါင်လန်ဖူးမြို့နယ်တွင် ပြည်သူများ အားကိုးအားထားပြု သွားလာနေသည့် လော်ဝူးချီလာ အဝင်တံတားနှင့် အထွက်တံတားအား ၂၀၁၉-၂၀၂၀ တွင် ဘေလီသံပေါင် သို့မဟုတ် ကွန်ကရစ် တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစိစစ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပေးရန် လိုအပ်မည်ဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဒေသ၏တင်ပြချက် အပေါ်စိစစ်ပြီး သတ်မှတ်စီမံကိန်းအဆိုပြုလွှာပုံစံဖြင့် ဆက်လက်ထောက်ခံတင်ပြ လာပါက ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး နယ်စပ်ဒေသဖွွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေအဆိုပြု ထည့်သွင်းလျာထား ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌)   ဦးသန့်ဇင်ထွန်း၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်က မေးမြန်းသော 2KR-2012 စီမံကိန်းသည် တည်ဆဲဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှု ရှိ၊ မရှိ၊ စုဆောင်းရရှိငွေများအား စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်မျှတသော စီမံခန့်ခွဲအုပ်ချုပ်မှု ဖြစ်စေရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က 2KR-2012 စီမံကိန်းနှင့် စပ်လျဉ်းပြီး Grant Agreement ပါအချက်များနှင့်အညီ တည်ဆဲဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ စီမံဆောင်ရွက် ထားခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းဒေသများမှ စုဆောင်းရရှိငွေများကို စီမံကိန်း ပြီးဆုံးမှသာ စီမံကိန်းကျေးရွာ၏ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်မျှတသော စီမံ ခန့်ခွဲအုပ်ချုပ်မှု ဖြစ်စေရေးအတွက် အထောက်အပံ့စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်စဉ်က ချမှတ်ခဲ့သည့် ရည်ရွယ်ချက်၊ သဘောတူညီချက်များနှင့်အညီ အကျိုးဖြစ်ထွန်းစေမည့် အဆိုပြုလုပ်ငန်းစီမံချက် ပြုစုရပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                    ()   ဦးကျော်မင်း၊ လက်ပံတန်း မဲဆန္ဒနယ်က မေးမြန်းသော လက်ပံတန်းမြို့နယ်၊ ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော စီမံကိန်းများကြောင့် တောင်သူများ၏ လယ်မြေများ နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးငွေ ပေးအပ်ရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လျော်ကြေး၊ နစ်နာကြေးပေးရန်ကိစ္စရပ်များအတွက် လယ်မြေဖြစ်ပါက တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပေးချေရမည့် လျော်ကြေးကို လယ်ယာမြေဥပဒေနှင့်အညီ စိစစ်ပြီး ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သို့ တင်ပြအတည်ပြုရမည်ဖြစ်ပါကြောင်း၊ အခြားမြေများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စိစစ်ချက်နှင့် ဆောက်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် လျော်ကြေးငွေသတ်မှတ်ပြီး နီးစပ်ရာဘဏ္ဍာနှစ်တွင် ရန်ပုံငွေ လျာထားတင်ပြတောင်းခံပြီး နစ်နာသူများကို လျော်ကြေးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    ()   ဦးတင်ကိုကိုဦး()ဦးအတွတ်၊ ဘီးလင်း မဲဆန္ဒနယ်က မေးမြန်းသော ၁၉၇၀ ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းခဲ့သော သမဝါယမ အသင်းများ ပိုင်ဆိုင်သည့်မြေနှင့် အခြားပိုင်ဆိုင်မှုများကို ၁၉၉၂ ခုနှစ် သမဝါယမ အသင်းဥပဒေအရ ဖွဲ့စည်းခဲ့သော သမဝါယမအသင်း တချို့က စီမံခန့်ခွဲကာ အကျိုးအမြတ် ခံစားနေမှုများကို ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြန်လည် စစ်ဆေးပြီး ၁၉၇၀ ခုနှစ် သမဝါယမအသင်းများ၏ ပိုင်ဆိုင်မှုများကို မူလ ပိုင်ဆိုင်သူများအတွက် ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံပိုင်ပစ္စည်း၊ သမဝါယမပိုင်ပစ္စည်း၊ အများပိုင် ပစ္စည်းများကို ရယူထိန်းသိမ်းအသုံးပြုရာတွင် တိကျမှန်ကန်မှု၊ စနစ်တကျထိန်းသိမ်း စောင့်ရှောက်မှုနှင့် ထိရောက်စွာအသုံးပြုမှု ရှိ၊ မရှိ စစ်ဆေးခြင်းဟု ပြဋ္ဌာန်းထားရှိပြီး ဖြစ်သည့်အတွက် သမဝါယမအသင်းများအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် သမဝါယမအသင်း များကို သမဝါယမဦးစီးဌာန၏ ညွှန်ကြားလွှာ(/၂၀၀၈)(/၂၀၀၉)တို့အရ သမဝါယမ ဦးစီးဌာနက ထိန်းကျောင်းတည့်မတ်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

 ()  ဦးမြင့်ဦး၊ သနပ်ပင် မဲဆန္ဒနယ်က မေးမြန်းသော ပဲခူးခရိုင်အတွင်းရှိ ပဲခူး၊ ဝေါ၊ သနပ်ပင်နှင့် ကဝမြို့နယ်များ နွေစပါးစိုက်ပျိုးရေးနှင့် ရန်ကုန်တိုင်းဒေသကြီး မိုင်(၃၀) စိမ်းလန်းစိုပြည်ရေး စီမံကိန်းအတွက် ရေကိုအချိန်အခါမီ လုံလောက်စွာ သိုလှောင်ထိန်းသိမ်း ဖြန့်ဝေပေးနိုင်ရန်အတွက် စစ်ပင်ဆိပ်ချောင်းတွင် ရေတံခါး တစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က စီမံကိန်း အဆိုပြုလွှာကို နိုင်ငံတော်၏  Project Bank မှာ ထည့်သွင်းပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြထားပြီးဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်  တိုင်းဒေသကြီးရန်ပုံငွေတွင် ကျပ် ()ဘီလီယံခန့် ထည့်သွင်းလျာထားပြီး စီမံကိန်း ကာလအား ()နှစ် လျာထားဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွဲဝေ ရရှိမှုနှင့်အညီ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများ အကောင်အထည်ဖော် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

()   ဦးခွန်သန်းထူး၊ ဆီဆိုင် မဲဆန္ဒနယ်က မေးမြန်းသော ဆီဆိုင်မြို့နယ်၊ အနောက် မြောက်ခြမ်း တောင်ကြီးမြို့နယ်နှင့် ဆက်စပ်ဒေသဖြစ်သော ဆိုက်ခေါင်-နောင်ဆံဗတ်-နောင်ကဖား-ပုံးလောင်း-နောင်လုံ(မြောက်) ကျေးလက်လမ်းအား မြေသားလမ်း သဲဗြုန်းခင်းခြင်း သို့မဟုတ် ကျောက်ချောလမ်းအဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထား တင်ပြပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

()   ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်က မေးမြန်းသော ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းပိုင်းတွင် ကွန်ကရစ်လမ်းခင်းရန် ကျန်ရှိနေသေးသည့် ( ၁၅ မိုင်   ဖာလုံ )ကို ၂၀၁၉-၂၀၂၀ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့် ပြည်နယ် အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေတို့တွင် လျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

()   ဦးခင်မောင်မြင့်၊ ရပ်စောက် မဲဆန္ဒနယ်က မေးမြန်းသော ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု၊ ထင်းကွင်း-လယ်မီး-နန့်ဟူးကျေးရွာချင်းဆက် လမ်းပေါ်ရှိ ဇော်ဂျီခေျာင်းကူး သစ်သားတံတား( ၁၇၅ x ၁၄ x ၂၂ ) ပေအား သံကူကွန်ကရစ် တံတာအဖြစ် အဆင့်မြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်း လျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၁၀) ဦးနေထက်ဝင်း၊ ဆင်ပေါင်ဝဲ မဲဆန္ဒနယ်က မေးမြန်းသော ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ အင်ရုံ-နားပဲ့-မောင်းတုန်းလမ်းမှ ကျန်ရှိနေသော လမ်းမိုင်()မိုင်ခန့်အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နောက်ပိုင်းကာလများတွင် ပြည်ထောင်စုရန်ပုံငွေ၌ ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    ( )  ဥပဒေကြမ်း()ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

                       တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက တင်သွင်းသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

                    ( )  နည်းဥပဒေ()ခု နှင့်စပ်လျဉ်း၍ လွှတ်တော်သို့အသိပေးခြင်း

                ()   အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများ နှင့်စပ်လျဉ်း၍ လက်ခံရရှိကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၉၂၊ နည်းဥပဒေခွဲ()နှင့်()တို့အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

                ()    အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော တရားလွှတ်တော် ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ နှင့်စပ်လျဉ်း၍ လက်ခံရရှိကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၂၊ နည်းဥပဒေခွဲ()နှင့်()တို့အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

      ()    အစီရင်ခံစာ()ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

                       ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်( )ဦးတို့က ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

၃။          ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာခဲ့သည်။