ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန် Phoenix Association ၏   ဥက္ကဋ္ဌ  ဦးသီဟကြိုင်    ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ | Pyithu Hluttaw Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန် Phoenix Association ၏   ဥက္ကဋ္ဌ  ဦးသီဟကြိုင်    ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် Phoenix Association ၏ ဥက္ကဋ္ဌ ဦးသီဟကြိုင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် Phoenix Association အနေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် စပ်လျဉ်း၍ အရပ်ဖက်အဖွဲ့အစည်းများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဥပဒေပညာရှင်များ၏ သုံးသပ်အကြံပြုချက်များ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်း များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်း၊ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်း၊ အမျိုးသား လွှတ်တော်၊ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး နှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ ၆ ရက်