Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏၂၀၁၉ ခုနှစ်၊ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

ချစ်ခင်လေးစားရပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ခရစ်သက္ကရာဇ် ၂၀၁၉ ခုနှစ်၊ နှစ်ကူးအခါသမယမှာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင်‌့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

 ယနေ့အချိန်အခါသည် မိမိတို့နိုင်ငံအတွက် မရှိမဖြစ် အရေးတကြီးလိုအပ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ကာလဖြစ်ပါတယ်။ နှစ်ဟောင်းက အားနည်းချက်များကို သင်ခန်းစာယူပြီး နှစ်သစ်မှာ လူသစ်စိတ်သစ်ဖြင်‌့ ယုံကြည်မှု၊ နားလည်မှုတို့ကိုအ‌ခြေခံ၍ မိမိတို့အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး လိုလားတောင်‌့တနေတဲ့ “ဒီမိုကရေစီရေး၊ လူ့အခွင်‌့အရေး၊ တန်းတူညီမျှရေး” တို့ကိုအ‌ခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီး ကို မကြာသော အချိန်ကာလမှာ အောင်မြင်စွာတည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးဟာ အလွန်ပဲအရေးကြီးပါတယ်၊ လွှတ်တော်များအနေဖြင့်လည်း တိုင်းရင်းသားပြည်သူများအတွက် တရားမျှတတဲ့ ဥပဒေများပေါ်ပေါက်စေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။

 ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ မိမိတို့အားလုံးမျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး အတူတကွ လက်တွဲတည်ဆောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျား။

 

ရုပ်သံဖိုင်ကြည့်ရန်

 

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်