Skip to main content

ပြည်သူ့လွှတ်တော်၊လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် The World Bank ၏ စွမ်းအင်ကျွမ်းကျင်ပညာရှင်နှင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင် Mr. Sunil Kumar Khosla ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် The World Bank ၏ စွမ်းအင်ကျွမ်းကျင်ပညာရှင်နှင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင် Mr. Sunil Kumar Khosla ဦးဆောင် သော အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကျေးလက်ဒေသမီးရရှိရေးအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းနှင့် ဖြန့်ဝေမှု လုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ တိုးချဲ့ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်