ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန

(ဃ)-မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်အစီအစဉ်ရှိ၊မရှိနှင့် သဘာ၀ အခြေပြု ခရီးသွားလုပ်ငန်း (Eco- tourism)နှင့် ပတ်သက်၍ မည်ကဲ့သို့ စီစဉ်ဆောင် ရွက်လျက်ရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

ဒေါ်ဇင်မာအောင်ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းသည် အဓိက နိုင်ငံ့ဝင်ငွေတိုးတက်ရှာဖွေရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းအတွက်သာမက မိမိတို့နိုင်ငံတွေ၏ အမှတ်အသားသစ်ကို မြှင့်တင်နိုင်တဲ့ အတွက်ကြောင့် နိုင်ငံများစွာ

(က)-မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စုရှိ မြေနန်းတော်(ခေါ်)နတ်တောင်ကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာနိုင်အောင်သက်ဆိုင်ရာဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

(ခ)-တရုတ်ခရီးသွားများ အသုံးပြုသည့် အွန်လိုင်းငွေပေးချေမှုစနစ်(We Chat Pay နှင့် Alipay) ကို တားမြစ်ပိတ်ပင်ရန်နှင့် ဇီးရိုးဘတ်ဂျက်တားဆီးနိုင်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

အရှေ့တောင်အာရှနိုင်ငံများကို တရုတ်ခရီးသွားများ အများအပြားလာရောက်လည်ပတ်လေ့ရှိပါကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တရုတ်နိုင်ငံပြင်ပကို ခရီးထွက်ကြသော တရုတ်နိုင်ငံသားများ များစွာရှိပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီး၏အဆိုအရ ကမ္ဘာအနှံ့ လည်ပတ်သော တရုတ်ခရီးသွားများ အများအပြားရှိနေသည်ဟု ဆိုပါကြောင်း၊ တရုတ်ခရီးသွား များနှင့်ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးဆိုပြီး နှစ်ခုစလုံးရှိနေပါက

(ဂ)-ညောင်ရွှေမြို့နယ်တွင် ၂၀၁၃ ခုနှစ်က ဟိုတယ်ဇုန်စီမံကိန်းဟုဆိုကာ ဆောင်ရွက်လျက် ရှိသော စိုက်ပျိုး မြေ၊ ထင်းခြံမြေ ၆၂၂ ဧကတွင် ယနေ့တိုင် ဟိုတယ်နှစ်ခုသာ အကောင် အထည်ဖော်နိုင်ပြီး ယခင်က မည်သို့ဆောင်ရွက်ထားခဲ့သည်နှင့် စပ်လျဉ်းသည့်မေးခွန်း

(ဂ)-ညောင်ရွှေမြို့နယ်တွင် ၂၀၁၃ ခုနှစ်က ဟိုတယ်ဇုန်စီမံကိန်းဟုဆိုကာ ဆောင်ရွက်လျက် ရှိသော စိုက်ပျိုး မြေ၊ ထင်းခြံမြေ ၆၂၂ ဧကတွင် ယနေ့တိုင် ဟိုတယ်နှစ်ခုသာ အကောင် အထည်ဖော်နိုင်ပြီး ယခင်က မည်သို့ဆောင်ရွက်ထားခဲ

(က) ကမ်းသာယာကမ်းခြေကို နိုင်ငံတော်မှပြန်လည်ထူထောင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ယနေ့  အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး မင်္ဂလာ အပေါင်းနှင်‌့ပြည့်ဝကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဂွမဲဆန္ဒနယ်ရှင်ပြည်သူများရဲ့သိလိုချက်အရ ကမ်းသာယာကမ်းခြေနဲ့ ပတ်သက်သည့်မေးခွန်းအား မေးမြန်းခွင်‌့ပြုသည့်အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်။ ကမ်းသာယာ ကမ်းခြေဟာ ဂွ-သံတွဲကားလမ်းပေါ်မှာတည်ရှိပြီး ဂွမြို့မှ ၁၆ မိုင်၊ သံတွဲမြို့မှ ၆၄ မိုင်အကွာမှာ တည်ရှိပါတယ်။ ကမ်းသာယာကမ်းခြေဟာ အလွန်လှပတဲ့အတွက် နိုင်ငံတော်မှ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းအဖြစ် ၁၉၉၄-၁၉၉၅ ခုနှစ်မှာ   စတင်အ

(က) နိုင်ငံခြားခရီးသည်များ လွတ်လပ်စွာ ခရီးသွားလာခွင့်နှင်‌့ စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ဟားခါးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငွန်မောင်း ဖြစ်ပါတယ်။ ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်းကတော့ ယနေ့အထိ ချင်းပြည်နယ်အတွင်း နိုင်ငံခြားသားခရီးသည်များသွားလာခွင့်မရရှိသေးတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အဆိုတစ်ရပ်အဖြစ် တင်သွင်းခဲ့ပြီး ၁၄-၃-၂၀၁၁ ရက်နေ့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးမှ ၂၀၀၂ ခုနှစ် နောက်ပိုင်း ချင်းပြည်နယ်အတွင်း ခရီးသွားကန့်သတ်ချက်

(က) ဦးအောင်ထွန်းသာ၊ မြောက်ဦး မဲဆန္ဒနယ်၏ ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ပြည်ပနိုင်ငံသားများ လာရောက်လည်ပတ်မှုကို တားမြစ်ထားခြင်းမှ ပြန်လည်သွားလာခွင့်ပြုရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ရခိုင်ပြည်နယ် မြောက်ဦး ဒေသဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ စုစည်းတည်ရှိရာ သုတေသနနယ်မြေတစ်ခု ဖြစ်ပါတယ်။  ၁၄၃၀ ခုနှစ်မှာ စတင်ခဲ့တဲ့ မြို့ရိုးတံတိုင်းများ၊ နန်းတော်ရာကုန်းနှင့် သမိုင်းဝင်ဘုရား ပုထိုးစေတီများ တည်ရှိနေသော နယ်မြေဖြစ်ပါတယ်။ ပုဂံကဲ့သို့ ကမ္ဘာလှည့်ခရီးသည်များ၊ နိုင်ငံတကာ သမိုင်းပညာရှင်များ၊ သုတေသီများ အထူးစိတ်ဝင်တစားလာရောက်သောဒေသလည်း ဖြစ်ပါတယ်။ မြောက်ဦးဒေသတိုးတက်ဖွံ့ဖြိုးရေးဟာ ရခိုင်ပြည်နယ်အတွက်သာမက ပြည်ထောင်စုကြီးတစ်ခုလုံး အတွက်လည်း အလွန်အရေးကြီးပါတယ်။ ဤနယ်မြေဟာ ရခိုင်တို့ရဲ့ အနုပညာယဉ်ကျေးမှုနှင့် ဆက်စပ်နေသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတစ်ခုဖြစ်တ

(က)-ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လိုင်စင်များအား အမြန်ဆုံးစိစစ် မှတ်ပုံတင်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၏ လိုအပ်ချက်အရ ပြည်သူများ၏ကိုယ်စား လုပ်ငန်းလိုင်စင်များ အလျင်မြန်ဆုံး ပြည်သူများလက်ဝယ်သို့ ချပေးဖို့ လွယ်ကူသော အစီအစဉ်များ ရှိ၊ မရှိ မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင်ချပေးရန် စိစစ်ရာတွင် အခြေခံ လိုအပ်ချက်များစိစစ်ပြီး သက်ဆိုင်ရာဝန်ကြီး၊ ဒုတိယဝန်ကြီး EC Board တင်၍ ဆုံးဖြတ်ပြီးမှ လိုင်စင်များချပေးမည်ဟု တိုင်းရင်းသားလုပ်ငန်းရှင်များထံမှ သိရှိပါတယ်။ သက်ဆိုင်ရာ အကြီးအကဲ များ၊ လုပ်ငန်းများ များသည့်အပေါ်မှာ အချိန်ကြန့်ကြာမှုများ ရှိနေပါသောကြောင့် စီးပွားရေး လုပ်ငန်းရှင် ပြည်သူများ၏