(ခ)-ပန်းတောင်းမြို့နယ်၊ ရွာသာယာအုပ်စုရှိ ဖိုးဦးတောင်စေတီတော်၏ သာသနာမြေသည် ကျဉ်းမြောင်း နေပါသဖြင့် မူလဧရိယာသတ်မှတ်ချက်အတိုင်းဖြစ်အောင် ပြန်လည်စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်းပါ စေတီတော်မြတ်ကြီးသည် ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှားရှိစဉ်က နှစ်ကြိမ်တိုင်ကြွရောက် ပြီး ဗျာဒိတ်ပေးတော်မူခဲ့သည့် တောင်တော်ပေါ်တွင်တည်ရှိပြီး သက္ကရာဇ် ၁၁၃၆ ခုနှစ်တွင် ဆင်ဖြူရှင် မင်းတရားကြီးမှ မွမ်းမံပြင်ဆင်ခဲ့ကြောင်း စေတီတော်ကြီး၏သမိုင်းအရသိရှိရပါကြောင်း၊ သမိုင်းအမွေအနှစ်အဖြစ် ကျန်ခဲ့၍ လုပ်ယူ