(ဃ)-ပူတာအိုမြို့နယ်ရှိ ပူတာအို-နမ်ထွမ်ခူးကျေးရွာအုပ်စုချင်းဆက် ကျောက်ချောလမ်း ၁၄/၅ မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းအဆင့်တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပူတာအိုမြို့နယ်၊ နမ်ထွမ်ခူးကျေးရွာအုပ်စုသည် ပူတာအိုမှ ၁၄/၅ မိုင်ကျော်ဝေးပြီး ပူတာအိုမြို့ ၏အနောက်ဘက်ဆုံး တောတောင်များပတ်လည်ဝန်းရံထားသောချိုင့်ဝှမ်းတွင် တည်ရှိသည့်ကျေးရွာ အုပ်စုဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စုတွင် အိမ်ခြေ ၃၆၁ အိမ်၊ လူဦးရေ ၂,၂၈၃ ဦးနေထိုင်သော ကျေးရွာအုပ်စုကြီး ဖြစ်ပါကြောင်း၊ အုပ်စုတွင်း အထက်